- အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ ဘွဲ့ရများ နိုင်ငံခြားတွင် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အကူအညီ ပေးရန်။
- ငွေကြေးအခက်အခဲကြောင့် အလယ်တန်းနှင့် အထူးသဖြင့် ၁၀- တန်း စာမေးပွဲဖြေရန် ကျောင်း (သို့) ကျူရှင် (သို့) အဆောင်ကြေးအခက်အခဲရှိသောကျောင်းသားကျောင်းသူများ၊ ကောလိပ်နှင့် တက္က သိုလ်ကျောင်းသူကျောင်းသားများအား ကူညီပေးနိုင်ရန်။
- အသက်မွေးဝမ်းကြောင်းသင်တန်းများသို့ တက်ရောက်ပြီး skills များဖွံ့ဖြိုးပြီးသင့်တော်သည့် အလုပ် အကိုင် များလွယ်ကူစွာရှာဖွေနိုင်ရန်။
- စီးပွားရေးကုမ္ပဏီများ၊ လူမှုရေးအဖွဲ့အစည်းများတွင် လူငယ်များ လက်တွေ့ လုပ်ငန်းအတွေ့ အကြုံ ယူနိုင်ပြီး contact များ၊ network များတိုးချဲ့ နိုင်ရန်။
- စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်အကိုင်လိုအပ်သော ၀န်ထမ်းများ ဆက်သွယ်ပေးရန်။
- စာအုပ်စာတမ်းများကို ရှာဖွေသိမ်းဆည်း စုဆောင်းပြီး လူငယ်များ ပြန်လည်လေ့လာနိုင်သော စင်တာ တစ်ခုဖြစ်လာစေရန်။
- ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် အထွေထွေကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာဆေးခန်းတစ်ခုဖွင့် ပြီး ငွေကြေးမတတ်နိုင်သူများ၏ ကျန်းမာရေးကို ကူညီရန်။
ရည်ရွယ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a comment